December 2018

မောင်တော ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၁) ဝင်/ထွက်စခန်း (POE) ခန်းမဆောင်၌ ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီက နှစ်နိုင်ငံ အလံတင် အစည်းအဝေးပြုလုပ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇ ဦးအား ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်း
နေပြည်တော် ဒီဇင်ဘာ ၁၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၂)အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ရဲမှူးမျိုးမြင့် ဦးစီးသည့် ...
မောင်တော ဒီဇင်ဘာ ၁၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံကျေးရွာမှ ငါးခူရကျေးရွာသွားမြေသားလမ်းနှင့် ကိုက် ၅၀၀ ခန့် အကွာ ဒိုးတန်းကျေးရွာ ...
စစ်တွေ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ တင်ဆောင်လာသော သုံးဘီးယာဉ်တစ်စီး ဖမ်းဆီးရမိ ...
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှ ပူပေါင်း ဆောင်ရွက် နိုင်ရေး အတွက် အာဆီယံအတွင်းရေးမှူးချုပ်နှင့်အဖွဲ့ ကွင်းဆင်းလေ့လာ
Tags
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ရခိုင်ပြည်နယ်အတွင်းရှိ ဥပဒေ အရာရှိများအား လုပ်ငန်းဆိုင်ရာများ မှာကြားပြီး မောင်တောခရိုင် ဥပဒေရုံးသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး
Tags
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လှဖိုးခေါင် ယာယီလက်ခံရေးစခန်းနှင့် ကညင်ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းတို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Tags

မောင်တော ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့တွင် မောင်တောခရိုင် တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကညင် ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်း ဆိုင်ရာ အစည်း အဝေး သို့ တက်ရောက်အမှာ စကားပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် မောင်တောမြို့နယ်ရှိ ခရိုင်တရားရုံး အဆောက်အဦသစ် ရှေ့မျက်နှာစာ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်ပြီး ရုံးအ ဆောက်အဦသစ် အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့မှ သတင်းအရ မောင်တောမြို့နယ်၊ လသာ(အထက်)ကျေးရွာနေ အာမိန်အုလ္လာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းမှာ ထွက်ပြေးသွားခဲ့ပြီး သားဖြစ်သူ ဟာမိတ်အုလ္လာ(၃၀)နှစ်၊ (ဖ)အာမိန်အုလ္လာအား လှေကားအောက် အုတ်နံရံအတွင်း၌ ဝှက်ထားသည့် WY/R စိတ်ကြွဆေးပြား ၉၂၈၂၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မောင်တောမြို့မရဲစခန်း မှ အမှုဖွင့် စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(ရဲပြန်ကြား)

 မောင်တော ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် ငှက်ဖျားတိုက်ဖျက်ရေး စီမံချက် သင်တန်းဖွင့်ပွဲကို “ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန” မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နံနက် (၉) နာရီခန့်က ကျင်းပပြုလုပ်သည်။

 ကျောက်တော် ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကျောက်တော် မြို့နယ် တောင်မင်းကုလားကျေးရွာ တောင်မင်းကျောင်းတိုက်နှင့် ကန်စောက်ကျေးရွာ ကန်စောက် ဘုန်းတော်ကြီးကျောင်းတိုက် တို့ရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ များအား သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ နယ်မြေ (၁)၊ ဗန္ဓုလရဲကင်းစခန်းမှ ယာယီရဲမှူး မြင့်ဌေး ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန် (၁) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၁) နယ်ခြား စောင့်တပ် Targupara ကင်းစခန်းမှ ဒုစခန်းမှူး Naib Subedar Md. Ahsan Ullah ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန်/လမ်းပြ(၃)ဦးတို့သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် မှ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်ထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်းနယ်နိမိတ်မှတ်တိုင်(၅၂)မှ(၅၃)ထိနှစ်နိုင်ငံနှစ်ဖက်ညှိ နှိုင်း ၍မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။