January 2019

 နေပြည်တော်၊ ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲ (၁)ခွဲသည် ကားလမ်းပေါ်ရှိ စေတောင်ရွာအတွင်း ဘုန်းကြီးကျောင်း၌ ခေတ္တအခြေပြုနေစဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အင်အား(၃၀)ခန့်ရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး (၁၀) မိနစ်ခန့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tags

 ရမ်းဗြဲ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့တွင် တောင်ကုတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 နေပြည်တော် ဇန်နဝါရီ ၄

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီ ၁၀ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ရဲမှူးမျိုးမြင့် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Nikuchari ကင်းစခန်းမှ ဒုစခန်းမှူး Naib Subedar Md. Mahbubur Rahman ဦးစီးသည့်အဖွဲ့၊ စကားပြန်/လမ်းပြ ၁ ဦးတို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် (၄၂)မှ (၄၃)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 မောင်တော ဇန်နဝါရီ ၆

လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါလူမှုရေးပင်စင်အတွက် ထောက်ပံ့ငွေပေးအပ်မှုတွင် မောင်တောမြို့နယ် ကျီးကန်းပြင်အုပ်စုမှ အဘိုးအဘွား နှစ်ဦး၊ လေးမိုင်ရပ်ကွက်မှ အဘိုးအဘွားရှစ်ဦးနှင့် မြို့သူကြီးကျေးရွာ အုပ်စုမှ အဘိုးအဘွားနှစ်ဦး စုစုပေါင်းအဘိုးအဘွား ၁၂ ဦး အား တစ်ဦးလျှင် ထောက်ပံ့ငွေ$ကျပ်သုံးသောင်းစီ ပေးအပ်ခဲ့ ကြောင်း သိရသည်။

 နေပြည်တော် ဇန်နဝါရီ ၆

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန် ထမ်းဆောင်စဉ် AA သောင်းကျန်းသူ အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ သွားရောက် ကြည့်ရှု နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများအား သွားရောက်ပေးအပ်လျက် ရှိသည်။

 စစ်တွေ ဇန်နဝါရီ ၄

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ်၂၀ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့က လွှင့်တင်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

 စစ်တွေ ဇန်နဝါရီ ၇

ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးစီးသည့်အဖွဲ့သည် AA အကြမ်းဖက်သောင်းကျန်းသူ များ၏ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှု ခံခဲ့ရသည့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများနှင့် ထိခိုက်ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည့် လူမှုရေးဆိုင်ရာ အထောက်အကူများနှင့် ထောက်ပံ့စ္စည်းများ ပေးအပ်သည်။

 မောင်တော ဇန်နဝါရီ ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဇန်နဝါရီ ၆ ရက် ည ၉ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ လှော်ခတ်လာသည့် မသင်္ကာဖွယ် လောင်းလှေ တစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အမျိုးသားသုံးဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ခုနစ်ဦးတို့ကို လှေတစ်စင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 မောင်တော ဇန်နဝါရီ ၇

မောင်တောမြို့၌ ဇန်နဝါရီ ၇ ရက် ၂ နာရီခွဲခန့်က ကမ္ဘောဇဘဏ် မန်နေဂျာ ဒေါ်ချိုမီမီခင်က ငွေအတုများဖြင့် ငွေလွှဲရန် လူတစ်ဦး ရောက်ရှိနေကြောင်းဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦး ဦးဆောင်သော အဖွဲ့သွားရောက်စစ်ဆေးရာ မြို့မအနောက် ရပ်ကွက် အလယ်ရွာနေ ဇော်လင်းထက် (၃၁) နှစ် တစ်သောင်းကျပ်တန် ငွေကျပ်သိန်း ၄၀၀ အား လွှဲအပ်လာစဉ် ယင်းငွေများအား စစ်ဆေးခဲ့ရာ ငွေစက္ကူတစ်သောင်းကျပ်တန် ၄၀၁ ရွက်မှာ အတုများ ဖြစ်နေကြောင်း သိရသဖြင့် သိမ်းဆည်းခဲ့ပြီး ငွေစက္ကူအတုများ အသုံးပြုခဲ့သူ ဇော်လင်းထက်ကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 နေပြည်တော် ဇန်နဝါရီ ၇

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ဇန်နဝါရီ ၄ ရက်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူ အဖွဲ့၏ အကြမ်းဖက်တိုက် ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် များ၏ မိသားစုနေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့များက သွားရောက် ကြည့်ရှုနှစ်သိမ့်အားပေးစကားများ ပြောကြား ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ် သည့် ငွေများအား သွားရောက်ပေးအပ်သည်။

 နေပြည်တော် ဇန်နဝါရီ ၈

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး တာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၏ မိသားစု နေအိမ်များသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများအား သွားရောက်ပေးအပ်သည်။

စစ်တွေ ဇန်နဝါရီ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ည ၆ နာရီခွဲ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 စစ်တွေ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Help Age International တို့ပူးပေါင်းပြီး မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသခြင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက စစ်တွေ အထွေထွေ ရောဂါဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာ ချမ်းသာက တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 စစ်တွေ၊ ဇန်နဝါရီ ၁၃

လူငယ်များစာပေဗဟုသုတ တိုးတက်ပြီး စာပေကိုတန်ဖိုးထားကာ စာဖတ်ရှိန်မြင့်မားလာစေရေး အသိပညာ ဗဟုသုတ တိုးပွား လာစေရေးနှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ပူးပေါင်းပြီး စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ကျင်းပသည်။

 စစ်တွေ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးကျေးရွာတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 ကျိုင်းတုံ ဇန်နဝါရီ ၁၀

ဇန်နဝါရီ ၄ ရက်က ဘူးသီးတောင်မြို့နယ်၊ ကထီးလှ ရဲကင်းစခန်း တိုက်ခိုက်ခံရ၍ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ရဲတပ်သားဖားဖာ့၏ မိဘများထံ ဇန်နဝါရီ ၁၀ ရက်က တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 စစ်တွေ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု ၄၃၂ စု စုစုပေါင်း လူဦးရေ ၂၁ဝဝ ခန့်အတွက် ထောက်ပံ့ပစ္စည်းများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။

 နေပြည်တော် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ဝ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား သန့်ဇင်ဟိန်း၏ ကျန်ရစ်သူ မိသားစုများနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွာတန်းရှည်ကျေးရွာ နေအိမ်သို့ သွားရောက်တွေ့ဆုံ နှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 နေပြည်တော် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ဝ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား သန့်ဇင်ဟိန်း၏ ကျန်ရစ်သူ မိသားစုများနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွာတန်းရှည်ကျေးရွာ နေအိမ်သို့ သွားရောက်တွေ့ဆုံ နှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတိုရှိကိုအာဘေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်(အလယ် )ရွာတို့သို့ လိုက်လံကြည့်ရှု
Tags
ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး အပါအဝင် ငါးဦး၊ ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး တစ်ဦးနှင့် မြေပွဲစားများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ
Tags
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး
Tags