May 2019

နေပြည်တော် ဧပြီ ၃၀

တပ်မတော်စစ်ကြောင်းသည် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာ ၏ အရှေ့တောင်ဘက်တွင် ဧပြီ ၂၈ ရက်က AA အဖွဲ့၏ ယာယီလေ့ကျင့်ရေးစခန်းနေရာ တစ်ခုအား တွေ့ရှိရှင်းလင်း ခဲ့ရာ AA အဖွဲ့မှ အလောင်း များနှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိ

 မောင်တော မေ ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ UNICEF နှင့် CFSI အဖွဲ့အစည်းတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၁)နာရီက မိုင်းအန္တရာယ်အသိပညာပေးခြင်းဆိုင်ရာဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပေါ် တာဝန်ရှိသူတို့၏ သဘောထားအမြင်

ရန်ကုန် မေ ၇

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင် အသင်းအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအတွေ့အကြုံရှိ ပညာရှင်များ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့ဝင်များ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေ များ ပေးအပ်

မြောက်ဦး မေ ၁၄

မြောက်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း ယာယီခိုလှုံရာ ကယ်ဆယ်ရေး စခန်းရှိ ပြည်သူများထံသို့ သွားရောက်ပြီး ငှက်ဖျားသွေးဖောက်ကာ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

စစ်တွေ မေ ၂၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H. E. Ms. Andrea Faulkner နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

စစ်တွေ မေ ၂၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr.Fillippo Grandi အား ယနေ့မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 မြောက်ဦး မေ ၂၈

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော ဒေသများတွင် ရခိုင်ပြည်နယ်လည်း ပါဝင်သည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုတက်ရေးကို အလေးထားဆောင်ရွက် လျက်ရှိသည်။ ရခိုင်ပြည်နယ်သည် ပထဝီအနေ အထားအရ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျ ခဲ့သော်လည်း ယခုအခါ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။