July 2019

‌နေပြည်တော် ဇူလိုင် ၉

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ဇူလိုင် ၉

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ပင်လယ် ကမ်းခြေ၌ ဇူလိုင် ၇ ရက် နံနက်ပိုင်းက အစ္စလာမ် ဘာသာဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၃ ဦးနှင့် စက်လှေလုပ်သား လေးဦး၊ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၉၉ တောင့်တို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေပြည်တော် ဇူလိုင် ၉

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ စိစစ်အတည်ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်း စစ်ဆေးရေးခုံရုံး (Court of Inquiry) သည် ယနေ့တွင် စစ်ဥပဒေချုပ်ရုံး၌ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြေပုံ ဇူလိုင် ၁၁

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်တို့နှင့်အတူ ယနေ့ တွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ပြန်လည်နေရာချထားရေး စခန်းတွင် နေထိုင် သူများနှင့်တွေ့ဆုံသည်။

မြောက်ဦး ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့ မြစ်ရေသည် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ မြင့်တက်လျက်ရှိရာ မြို့ပေါ်နှင့်ကျေးရွာမြေနိမ့်ပိုင်း ဒေသများမှ ရေနစ်မြုပ်လျက် ရှိသော နေအိမ်များမှ ပြည်သူများကို ဘေးလွတ်ရာ နေရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် ဇူလိုင် ၁၇  

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. ChristineSchranerBurgener နှင့် အဖွဲ့အား ယနေ့နံနက် (၉)နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။

AA/ ARSA ပူးပေါင်းအဖွဲ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရုံးစခန်းကို အင်အား အလုံးအရင်းဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်၊ မိမိစခန်းကျဆုံးမှုမရှိဘဲ AA အဖွဲ့ထံမှ အလောင်း နှင့်လက်နက်များ သိမ်းဆည်းရမိ