August 2019

နေပြည်တော် ဩဂုတ် ၆

တပ်မတော်နည်းဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေးခုံရုံးသည် ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်များ၊ စစ်ဗျူဟာ အခြေချအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရဲစခန်းများ၊ အကျဉ်း ထောင်နှင့် ကျေးရွာများသို့ နှစ်ကြိမ် သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဩဂုတ် ၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ အနီး AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူတစ်ဦး ဖမ်းဆီးရမိသည့်သတင်းအား ဩဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသူအား ပဏာမစစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ပြင်ချောင်း ကျေးရွာ အလယ်တန်း ကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာ တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းနှင့်အတူ သိမ်းဆည်းရမိသည့် လက်ကိုင် ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ဆက်သွယ်ထားသောစာများအား တွေ့ရှိသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

 

စစ်တွေ ဩဂုတ် ၁၁ ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်း အနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ယနေ့ နံနက်ပိုင်း ကကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်သည်။

နေပြည်တော် ဩဂုတ် ၁၅

စင်ကာပူနိုင်ငံ၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) ULA / AA အဖွဲ့များ ဖွဲ့စည်း၍ ပြည်တွင်း၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် ULA / AA အဖွဲ့ကို ငွေကြေးပစ္စည်း၊ သတင်းအချက်အလက်များ ထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်သူ ကိုးဦးအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လားရှိုးမြို့အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများ နှင့် ရဲစခန်းများအား ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့
AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကို ထပ်မံမိုင်းခွဲဖျက်ဆီး၊ ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကျအဆုံးများ

နေရပ်စွန့်ခွာသူ ၃၄၅၀ အား သြဂုတ်၂၂ရက်တွင် မြန်မာဘက်မှ ပြန်လည်လက်ခံမည့် ကိစ္စနှင့်ပတ်သတ်၍ UNHCR နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး

နေပြည်တော် သြဂုတ် ၁၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေ ကိုယ်စားလှယ် Ms.Cecile Fradot အား ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့အကြားတွင် AAအဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရရှိ ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်သုံးစီး ပျက်စီး

နေပြည်တော် ဩဂုတ် ၂၀

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့အကြား ပက်ခွက်ဆိပ်ကျေးရွာနှင့် ပြိုင်းတောကျေးရွာ အနီး၌ ယနေ့တွင် AA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်သုံးစီး ပျက်စီးသွားကြောင်း သိရသည်။

ဒေသတွင်းနှင့် နိုင်ငံတကာအရေးမျက်နှာစာများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေး၊ မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသည် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု