September 2019

နေရပ်စွန့်ခွာသူများလက်ခံရေးအစီအစဉ် ARSA ခြိမ်းခြောက်မှုကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား တွေ့ဆုံစဉ် ပြောကြား

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား၁၂၅၀နှင့် စိတ်ကြွဆေးအကြေမှုန့် ၈ဂရမ် သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး လူငယ်စင်တာဖွင့်ပွဲတက်ရောက်

ကျောက်ဖြူ စက်တင်ဘာ ၉

ကျောက်ဖြူလူငယ် ကျွမ်းကျင်မှုသင်တန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း လူငယ်စင်တာဖွင့်ပွဲ အခမ်းအနားကို ကျောက်ဖြူမြို့နယ် ထွေအုပ်ရိပ်သာရှိ အစည်းအဝေးခန်းမ၌ စက်တင်ဘာ၉ရက် နံနက်၈နာရီခွဲက ကျင်းပသည်။

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာတို့၌ AA အဖွဲ့က အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်

နေပြည်တော် စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ် ​မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ စျေးအတွင်း ယနေ့ နံနက်ပိုင်းက AA အဖွဲ့က သတ်ဖြတ်ထားသည့် အမျိုးသားအလောင်း နှစ်လောင်းအား တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ AA အဖွဲ့သည် အပြစ်မဲ့အရပ်သား ပြည်သူများဖြစ်သည့် သဲကမ်းတောင်ကျေးရွာနေ ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ နှစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလယ်ပိုင်းရပ်ကွက်ရှိ စျေးအတွင်း လမ်းလေးခွဆုံ၌ ထားရှိခဲ့ခြင်းဖြစ်ကြောင်း။

နေပြည်တော် စက်တင်ဘာ ၂၇

ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးကာလအတွင်း စက်တင်ဘာ ၂၆ ရက်တွင် အီးယူနှင့် အိုအိုင်စီမှ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင် များနှင့် အခြား တိုင်းရင်းသား လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ခေါင်းစဉ်ဖြင့် ပူးတွဲ တင်သွင်းသည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာ ပယ်ချခဲ့သည်။

အဆိုမူကြမ်းကို ဆုံးဖြတ်ခြင်းမပြုမီ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အဆိုမူကြမ်းအား မြန်မာနိုင်ငံက လက်မခံသည့် အကြောင်း ရင်းများအနက် အဓိကအချက်အချို့ကို အောက်ပါအတိုင်း ပြောကြား ခဲ့သည်-