စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဝင်များ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၉

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ စိစစ်အတည်ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်း စစ်ဆေးရေးခုံရုံး (Court of Inquiry) သည် ယနေ့တွင် စစ်ဥပဒေချုပ်ရုံး၌ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးခုံရုံးသည် ဘူးသီးတောင်နယ်မြေသို့ ပထမအကြိမ် သွားရောက်ခဲ့ပြီး ကွပ်ကဲမှုဌာနချုပ် တစ်ခုအပါအဝင် တပ်ရင်း/ တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာငါးရွာတို့သို့ သွားရောက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် စုံစမ်းစစ်ဆေးခဲ့သည့် အခြေအနေများ၊ ဆက်လက်စုံစမ်းစစ်ဆေးမည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည့် ဥပဒေအကြံပြုချက်များ ရယူနိုင်ရန်အတွက် စစ်ဥပဒေချုပ်ရုံး ဥပဒေအကြံပေး အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဥပဒေအကြံပေး အဖွဲ့ကလည်း လိုအပ်သည့် သက်သေခံ အချက်အလက် စုဆောင်းခြင်း ဆိုင်ရာများ၊ ဥပဒေကြောင်း ဆိုင်ရာများနှင့် လုပ်ထုံး လုပ်နည်းဆိုင်ရာ များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်