မြောက်ဦးမြို့၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသ

မြောက်ဦး မေ ၁၆
မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ကအဆိုပါခန်းမတွင် ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓါတ်ပုံပြခန်း၌ မုန်တိုင်းအန္တရာယ်သတိပေးချက်များဖြစ်သော ဆိုင်ကလုန်းမုန်တိုင်း အရောင် စနစ်ဖြင့် ကြိုတင်သတိပေးခြင်း၊ ရေကြီးသတိပေးခြင်း၊ မုန်တိုင်းမတိုက်မီ ကြိုတင်ပြင်ဆင်ချက်၊ မုန်တိုင်း တိုက်ခတ်ပြီးနောက် ဆောင်ရွက်ရန်အချက်များနှင့် အပူရှိန်မြင့်မားနေချိန်တွင်သိ ထားသင့်သည့် ဆောင်ရန်/ ရှောင်ရန်အချက်ပါ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များနှင့် နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု လုပ်ငန်းများဆောင်ရွက်ချက် မှတ်တမ်းဓာတ် ပုံများ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကိုပြသထားကြောင်း သိရသည်။
ထို့နောက် ပြပွဲသို့လာရောက်ကြည့်ရှုသူပြည်သူများကို ဓာတ်ပုံကျွမ်းကျင် -၂ ဦးခင်မောင်ထွန်း မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိထားသင့်သည့် အပူဒဏ်ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်/ ရှောင်ရန် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)