မြောက်ဦးမြို့နယ်မှ အုပ်ချုပ်ရေးမှူး လေးဦးနှင့် ဒေသခံကုန်သည် တစ်ဦးတို့ မြောက်ဦးမြို့မရဲစခန်းအချုပ်မှ ပြန်လည်လွတ်မြောက်

 နေပြည်တော် မတ် ၈

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးနှင့် ဒေသခံ ကုန်သည် တစ်ဦးတို့သည် ယနေ့ ညနေပိုင်းတွင် မြောက်ဦးမြို့မ ရဲစခန်းအချုပ်မှ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်မတော်အရာရှိတစ်ဦးက တရားလိုပြုလုပ် တိုင်ကြား ချက်အရ မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးနှင့် ဒေသခံကုန်သည်တစ်ဦးတို့အား မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)/ ၁၇(၂)တို့ဖြင့် မြောက်ဦးမြို့မရဲစခန်းမှ ခေါ်ယူ စစ်ဆေး ခဲ့ကြောင်း၊ သို့ရာတွင် တရားလိုဘက်မှ လုံလောက်သော သက်သေခံ အထောက်အထားတင်ပြနိုင်ခြင်းမရှိ၍
ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သော ဦးအောင်နိုင်ထွန်း၊ ဦးစိန်လှမောင်၊ ဦးမောင်ဦးစိန်၊ ဦးမောင်တင်ချေနှင့် ဒေသခံကုန်သည် ဦးကျော်သန်းတို့အား တရားစွဲဆိုရန် မသင့်ကြောင်း ဥပဒေ အကြံပြုချက် အရ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြောက်ဦးမြို့မ ရဲစခန်းအချုပ်မှ ပြန်လည်လွှတ်ပေး လိုက်ပြီးဖြစ်ကြောင်းနှင့် အမှု ပိတ်သိမ်းရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြောက်ဦးမြို့မ ရဲစခန်းမှ သိရှိရသည်။

Ref; Information Committee