မောင်တောခရိုင်အတွင်းရှိ မေယုတောင်ကျော်လမ်း သုံးလမ်း၊ ပန်းတောပြင်တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် မောင်တော -အငူမော်လမ်းအား ဒုတိယဝန်ကြီး ဦးကျော်လင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် ရခိုင်ပြည် နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ဩဂုတ် ၁၁ ရက်က လမ်းအထူး အဖွဲ့(၁၇)က ဖောက်လုပ်နေသည့် မေယု တောင်ကျော်လမ်း ဖြစ်သော ကြိမ်ချောင်း-ဂုပ္ပိလမ်း မိုင်တိုင်(၀/၆)အနီး တံတားအမှတ်(၁)ပေ ၆၀ တံတားအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး တံတား၏ ဘေလီကြမ်းခင်းများအား ယခု မိုးရာသီ အတွင်း ကားများဖြတ်သန်း နိုင်သည်အထိ အပြီးဆောင်ရွက် ပေးရန် မှာကြားသည်။

အဆိုပါလမ်းသည် အသစ် ဖောက်လုပ်ခြင်းဖြစ်ပြီး ၁၀ မိုင် ၅ ဖာလုံရှည် လျားသည်။ လက်ရှိအချိန်တွင် ဒုအခြေခံလွှာ အမာခံလမ်းခင်းခြင်း ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး တံတားစီမံကိန်းအထူးအဖွဲ့(၃)မှ တည်ဆောက် သော ပေ ၆၀ အထက် တံတား ခုနစ်စင်းမှာ ပျမ်းမျှ ၇၀ ရာခိုင်နှုန်းပြီး စီးကာ ပေ ၆၀၀ တံတားတစ်စင်းမှာ ခုနစ် ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၂ ရက်တွင် တံတားစီမံကိန်း အထူးအဖွဲ့ (၄)မှ တည်ဆောက်နေသော မောင်တော-အငူမော်လမ်း မိုင်တိုင်(၁/၀)အနီးရှိ ပေ ၂၄၀ အရှည် ပန်းတောပြင်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ တံတားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး လက်ရှိအချိန် တွင် ၇၈ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်း အထူးအဖွဲ့(၁၇)မှ ဖောက်လုပ်နေသည့် ဥဒေါင်း- ညောင်ချောင်း လမ်းစီမံကိန်း မိုင်တိုင် အမှတ် (၁/၂) အနီး တံတားတည်ဆောက်ရန်နေရာကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တံတား Structural Design ပုံစံအား အတည်ပြု ပေးကာ လမ်းသစ်ဖောက်လုပ်ခြင်းဖြစ်၍ မိုးတွင်းကာလ၌ ဖို့မြေနှင့် ဖြတ်မြေလုပ်ငန်းများအခြေအနေ ကို စောင့်ကြည့် ထိန်းသိမ်းပြုပြင် သွားရန် မှာကြားသည်။ အဆိုပါလမ်းမှာ ၁၀ မိုင် ၇ ဖာလုံရှိပြီး ၃၄ ပေ အကျယ် ဖို့မြေ၊ ဖြတ်မြေမြေလုပ်ငန်းနှင့် ပေ ၂၀ အကျယ်ထုအခြေခံ လွှာ အမာခံလမ်းခင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး ပေ ၅၀ အောက် Box Culvert ၅၈ စင်းတည်ဆောက်ရာတွင် လည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန္ဒု- အင်းဒင်-စေတီပြင် (မေယုတောင်ကျော်)လမ်း မိုင်တိုင် (၀/၃)အနီးအမှတ်(၁)တံတား ပေ ၉၀ အားလည်းကောင်း၊ မိုင်(၃/၀)အနီး အမှတ်(၂)တံတား ပေ ၁၈၀ ၏လုပ်ငန်း ပြီးစီးမှု အခြေအနေများကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး မေယုတောင် ကျော်လမ်းများ ဖောက်လုပ်ရာ၌ လုံခြုံရေး သတိဖြင့် အထူး သတိထား ဆောင်ရွက်သွားကြ ရန်နှင့် ကွန်ကရစ်လမ်းခင်းရာ၌ Mixed Ratio များ မှန်အောင် ဆောင်ရွက်သွားရန် မှာကြားသည်။ အဆိုပါ လမ်းမှာ ၁၀ မိုင် ၇ ဖာလုံ ရှည်လျားပြီး ပေ ၂၀ အကျယ် အမာခံလမ်း ခင်းခြင်း ကိုးမိုင်၊ ၁၈ ပေ အကျယ် ကွန်ကရစ် လမ်းခင်းခြင်း ငါးမိုင် တစ်ဖာလုံ၊ ပေ ၅၀ အောက်တံတား ၅၈ စင်းမှာ ၁၀၀ ရာခိုင်နှုန်းနှင့် ပေ ၅၀ အထက်တံတား ရှစ်စင်းမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီး စီမံကိန်း တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန္ဒုမှ အငူမော်အထိ Asia World Co.,Ltd. မှ ကွန်ကရစ် လမ်းခင်းထားမှု အခြေအနေများကို လမ်း တစ်လျှောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်