မင်းပြားမြို့နယ် ခိုလှုံရာစခန်းရှိ အိမ်ထောင်စုဝင်များ၊ သေဆုံးသွား သူများနှင့် ဒဏ်ရာရလူနာများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

 မြောက်ဦး ဇွန် ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ကျေးရွာအချို့ရှိ ခိုလှုံရာဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေး စခန်းများသို့ ခိုလှုံရောက်ရှိလာသောအိမ်ထောင်စုဝင်များ၊ သေဆုံးသွားသူများနှင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက ခိုလှုံရာကယ်ဆယ်ရေး စခန်း ၇ ခုတွင်ရောက်ရှိခိုလှုံနေသော အိမ်ထောင်စုဝင်စုစုပေါင်း ၃၃၆ စုရှိ လူဦးရေ ၁၄၄၇ ဦးတို့အတွက် ကျားလုံချည်၊ မလုံချည် ၊ တဘက်နှင့် တီရှပ်ပါ ကယ်ဆယ်ရေး ပစ္စည်းလေးမျိုးနှင့် တစ်လစာဆန်ရိက္ခာ ၄၃၄ အိတ်၊ ၂ ပြည် နှင့် ၄ ဗူးအား အဆိုပါကယ်ဆယ်ရေးစခန်းရှိ တာဝန်ခံများထံသို့ ပေးအပ်ထောက်ပံ့ခဲ့သည်။

ထို့နောက်တာဝန်ရှိသူများသည် မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ကျည်ထိဒဏ်ရာရရှိသူ လူနာ ၁၆ ဦးတို့အတွက် တစ်ဦးလျှင် ၅၀၀၀၀ိ/-ကျပ်နှုန်းအား ထောက်ပံ့ပေးအပ် ပြီး သေဆုံးသွားသူ ၇ ဦးတို့အတွက် တစ်ဦးလျှင် ၃၀၀၀၀၀ိ/- ကျပ်နှုန်းစီကို သေဆုံးသွားသူ၏ မိသားစုဝင်များ ထံ သို့သွားရောက်ကာ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်( ပြန်/ဆက်)