မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

 နေပြည်တော် မတ် ၁၁

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ် (၀၀၄) ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှူး Subedar Md. Syed Enayer Ali ဦးဆောင်သည့် အဖွဲ့က စက်တပ်ရေယာဉ် နှစ်စင်း၊ စုစုပေါင်းလေးစင်းတို့ဖြင့် ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅)မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မတ် ၁၀ ရက် နံနက်ပိုင်းက ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

ရဲပြန်ကြား