ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (CIVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ပြည်သူများသို့ပန်ကြားချက် ၁၃၈၂ခုနှစ်၊ ဝါခေါင်လဆန်း ၈ရက် (၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ၂၆ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Coronavirus Disease 2019 (CIVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ

ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ပြည်သူများသို့ပန်ကြားချက်

၁၃၈၂ခုနှစ်၊ ဝါခေါင်လဆန်း ၈ရက်

(၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ၂၆ရက်)

 

၁။ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာသဖြင့် ပြည်နယ်တစ်ခုလုံးအား ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၆-၈-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ် ၉၇/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

 

၂။ ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများနှင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်အစိုးရက အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအနေဖြင့် မိမိနေရပ်အတွင်းသာနေထိုင်ကြပါရန်နှင့် ပြည်နယ်အတွင်း ခရီးသွားလာခြင်းနှင့် ပြည်နယ်ပြင်ပ အခြားဒေသများသို့ ခရီးထွက်ခွာခြင်းကို မလိုအပ်ဘဲ မပြုလုပ်ကြရန်ဖြစ်ပါသည်။

 

၃။ ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ပြည်သူများအနေဖြင့် အခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သို့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များအတွက် မဖြစ်မနေ ခရီးသွားရောက်ရန် ရှိပါကလည်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူပြီးမှသာ သွားရောက်ကြရန်နှင့် ရောက်ရှိသည့်နေရာ၌ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့်ပူပေါင်းလျက် ကျန်းမာရေးစစ်ဆေးမှုကို ကြည်ဖြူစွာခံယူပြီး ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ သတ်မှတ်ထားရှိသော Community Based Facility Quarantine နေရာများတွင် ၂၁ရက်အထိနေထိုင်ကြရန်နှင့် ထုတ်ပြန်ထားသော COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြပါရန် ပန်ကြားအပ်ပါသည်။

 

၄။ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။