ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ သက္ကယ်ပြင်စခန်း၌ သတင်းရယူ

စစ်တွေ ဖေဖော်ဝါရီ ၂၉

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တော မြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး သက္ကယ်ပြင်စခန်းသို့ သွားရောက် သတင်း ရယူကြသည်။

အဆိုပါအဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ယင်းသတင်းမီဒီယာအဖွဲ့တွင် Myanmar Now ၊ Eleven Media Group ၊ VOA ၊ CNA ၊ European Press Photo Agency (epa) ၊ BBC Media Action နှင့် Aljazeera သတင်းဌာနတို့မှ သတင်းသမား များပါရှိပြီး သတင်းမီဒီယာအဖွဲ့များ မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်၍ သွားရောက်သတင်းရယူမှုအနေဖြင့် ၃၆ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။