ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
စစ်တွေ စက်တင်ဘာ ၂

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ပရဟိတအသင်း နှင့် အလှူရှင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယနေ့ညနေပိုင်းတွင် ပေးပို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဇေယျာမောင်မယ်ပရဟိတ အသင်း (စစ်ကိုင်း)မှ ငွေကျပ် ၆၈၄၉၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ရန်ကုန်မြို့နေ ဒေါ်တင်မေနှင့် သားသမီးများ Star Empire Yangon မိသားစုတို့က ငွေကျပ် ၃၁၅၁၀၀၀ တန်ဖိုးရှိ Bedside Monitor တစ်လုံးတို့အား ပေးပို့လှူဒါန်းကြကြောင်း သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထောက်ပံ့ပစ္စည်းများကို အလှူရှင်များကိုယ်စား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပေးအပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လက်ခံခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။