ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အား လက်ခံတွေ့ဆုံ

စစ်တွေ မေ ၂၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr.Fillippo Grandi အား ယနေ့မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် UNHCR , UNDP တို့အကြား လက်မှတ်ရေးထိုး ထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် သက်တမ်း တိုးမြှင့်ရေး၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်း၏ အကျိုး ကျေးဇူးများကျယ်ပြန့်စွာသိရှိနိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi သည် စစ်တွေမြို့နယ်အတွင်းရှိ ဆေးသမားကြီး IDP စခန်းနှင့် ခေါင်းဒုက္ကာ(၂) IDP စခန်း တို့သို့ သွားရောက်လေ့လာ ကြည့်ရှုသည်။

(သတင်းစဉ်)

​နေပြည်တော်