ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တာဝန်ထမ်းဆောင်စဉ်အတွင်း ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

 စစ်တွေ မတ် ၁၁

ယိုးတရုတ်ရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်စဉ်အတွင်း AA သောင်းကျန်းသူအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ကျဆုံးခဲ့ ကြသည့် ရဲတပ်ဖွဲ့ဝင်ကိုးဦး၏ မိသားစုများအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက် ၈ နာရီခွဲတွင် ပုဏ္ဏားကျွန်း မြို့နယ် မြို့မရဲစခန်း၌ တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မိမိတို့အနေဖြင့် လတ်တလော ပံ့ပိုးကူညီရမည့်အပိုင်းများကို ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း၊ မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေး ကိစ္စများကိုလည်း ဆက်လက်၍ ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်ကိုးဦး၏ မိသားစုတစ်စုချင်းစီအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ကျပ်သုံးသိန်း၊ ဆန်တစ်အိတ်နှင့် မိသားစုသုံးပစ္စည်းများကို မိသားစုဝင်များထံ ပေးအပ်သည်။

ယင်းနောက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်ကိုးဦး၏ မိသားစု တစ်စုချင်းစီအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ကျပ် ၁၀ သိန်းစီကို မိသားစုဝင်များထံ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာဝန်ထမ်းဆောင်စဉ်အတွင်း ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် ကိုးဦး၏ မိသားစုများအား အားပေးစကား ပြောကြားကြသည်။

သတင်း၊ ဓာတ်ပုံ- မျိုးသူဟိန်း၊ နေဝင်းထွန်း