ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့ရှိ ချင်းကုန်းကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ပေါက်တူးကွင်း ကျေးရွာတို့ရှိ ပြည်သူများနှင့် တွေ့ဆုံ

 ဂွ ဇွန် ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇွန်လ(၅) ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်တွင် ချင်းကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း နေ့လယ် (၁၁)နာရီတွင် ရဟိုင်ဖျားကျေးရွာ တောင်ပေါ်ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ညနေ ၂ နာရီ ၃၀ အချိန်တွင် ဒေါင်းချောင်းကျေးရွာအုပ်စု ပေါက်တူးကွင်းကျေးရွာ မူလတန်းကျောင်းရှေ့ရှိ ဘောလုံးကွင်းတွင်လည်းကောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် "ကျေးရွာများ၏အဓိက လိုအပ်ချက် များဖြစ်သည့် ပညာရေး၊ လမ်းပန်းဆက်သွယ်ကောင်းမွန်ရေးနှင့် ရေရှိရေးတို့ကို အလေးထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် ကျေးရွာပြည်သူများမှ လိုအပ်သည် များ တင်ပြတောင်ခံခဲ့ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုင်းတောကွင်းကျေးရွာ ချောင်း ရေစီးရေလာကောင်းမွန်စေရေး ချောင်းတူးဖော်ရန်အတွက်၊ ရွှေဦးကွင်း-ရေသိုးလမ်းပြုပြင်ရန်၊ ချင်းကုန်းကျေးရွာ စေတီတော်ပြုပြင်မွမ်းမံရန် ၊ ရဟိုင်ဖျား မူလွန်ကျောင်း ရေရရှိရေးအတွက် ရေစင်ရေမော်တာနှင့် ကွန်ပျူတာ(၁လုံး)၊ ပရင်တာ(၁)လုံး ဝယ်ရန်၊ ရဟိုင်ဖျားကျေးရွာ လမ်းသဲကျောက်ခင်းရန်၊ ဆုံတွင်း ကျေးရွာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောက်လုပ်ရန်၊ မြွေတွေ့ကျေးရွာ အ.မ.က ကျောင်းရှိ တိုင်များ ပြုပြင်ရန်၊ ဝတိန်ကျေးရွာ မူလတန်းကျောင်း အမိုး မိုးရန်နှင့် သွပ်တန်းများ ပြုပြင်ရန်တို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်ပြန်/ဆက်