သောက်သုံးရေ အခက်အခဲဖြစ်နေသော မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ သွားရောက်လှူဒါန်း

ရသေ့တောင် မေ ၁၉

ရသေ့တောင်မြို့ အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်နေသော မြိုပေါ်ရပ်ကွက်များအား ရသေ့တောင် မြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သောက်သုံးရေများ နေ့စဉ် သွားရောက်လှူဒါန်းပေးလျက် ရှိကြောင်းသိရသည်။

ရသေ့တောင်မြို့နယ် အတွင်းရှိ သောက်သုံးရေ ပြတ်လပ်နေသော မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား နေ့စဉ် မီးသတ်ရေတင်ယာဉ်ဂါလံ (၁၆၀၀)ဆန့်ဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ချမ်းသာ ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များဖြင့် တစ်နေ့(၂)ကြိမ် လှူဒါန်းလျက်ရှိရာ ယနေ့ထိ ရေဂါလံ(၂၈၈၀၀) ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်