သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်လေးစီးအား AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး

သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်လေးစီးအား AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ် သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့်မော်တော်ယာဉ်လေးစီးအား ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်သုံးစီးနှင့် Mark II ယာဉ်တစ်စီးတို့အား ရဲတပ်ဖွဲ့ဝင်လေးဦးက မောင်းနှင်၍ သံတွဲမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာနှင့် ပန်းနီလာကျေးရွာကြား ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၁၆၅) အနီးအရောက်တွင် ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က AA သောင်းကျန်းသူအဖွဲ့က ယာဉ်များကို မိုင်းဖောက်ခွဲသဖြင့် ယာဉ်များရပ်တန့်သွားစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးသွားခဲ့ကြောင်း သိရသည်။

အများပြည်သူအသုံးပြုနေသော စစ်တွေမြို့သို့ အဓိကဆက်သွယ်သည့်လမ်းမကြီးပေါ်တွင် လက်နက်ကိုင်တိုက်ခိုက်မှုအတွက် ရည်ရွယ်ချီတက်လှုပ်ရှားသွားလာမှု မဟုတ်သည့်ယာဉ်များ နှင့် ပြည်သူများဒုက္ခရောက်စေရန် AA သောင်းကျန်းသူအဖွဲ့က အဖျက်လုပ်ငန်းများကျူးလွန်လျက်ရှိသည်ကို ထင်ရှားစွာတွေ့ရှိသည့်အတွက် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Tags