ARSA အစွန်းရောက်အကြမ်းဖက်သမားများ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်

 နေပြည်တော် စက်တင်ဘာ ၅

ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက် ခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဒုချီးရားတန်း (အရှေ့)ကျေးရွာသို့ရောက်ရှိစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၂ဝ ခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ကျေးရွာရှိ နေအိမ်များကို မီးရှို့ ထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည် တပ်မတော်အား အထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခန့်တွင် ရေမျက် တောင် ကျေးရွာသို့သွားရောက်ခဲ့ရာ ARSA အစွန်းရောက်အကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် နေအိမ် ၁ဝဝ ကျော် မီးလောင်နေသည်ကို တွေ့ရှိရကြောင်း။
ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ဂျင်းတော ကျေးရွာသို့သွားရောက်စဉ် ARSA အစွန်းရောက်အကြမ်းဖက်သမား ၁ဝ ဦးက လုပ်သေနတ်၊ တုတ်၊ ဓား၊ ဂျင်ကလိတို့ဖြင့် တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားအလောင်း တစ်လောင်းနှင့် လုပ်သေနတ် တစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

SCOIC VIDEO

Related Articles