၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့် ကျင်းပ

စစ်တွေ ဩဂုတ် ၁၁

၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်း အနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ယနေ့ နံနက်ပိုင်း ကကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်သည်။

ဖန်တီးနိုင်မည်ဖြစ်

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးသည် မိမိတို့ အားလုံးအတွက် မရှိမဖြစ်အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုလိုအခမ်း အနားများကို နိုင်ငံတော်အစိုးရက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီအခမ်းအနားမှ တစ်ဆင့် ပြည်သူများ အထူးသဖြင့် မိခင်များအတွက် ကျန်းမာရေး ဗဟုသုတများရရှိပြီး ကိုယ်တိုင်လိုက်နာ ဆောင်ရွက် မည်ဆိုပါက ကျန်းမာရေးအတွက် များစွာအကျိုး ရှိနိုင်သကဲ့သို့ ကျန်းမာ သန်စွမ်းသည့် ကလေးငယ် များ၊ လူငယ်များ အနာဂတ်တွင် ပေါ်ထွက် လာမည် ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့ အစည်း တစ်ရပ်တည်ဆောက်ရန် ဉာဏ်ရည် ဉာဏ်သွေးကောင်းမွန်သည့် လူ့စွမ်းအားအရင်း အမြစ်များက သာလျှင် ကောင်းမွန်သည့် နိုင်ငံ၏ အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆုများပေးအပ်ချီးမြှင့်

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအထိမ်း အမှတ် စာစီစာကုံးနှင့် ပန်းချီဆုရကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

လိုက်လံကြည့်ရှု

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက အာဟာရ ဆေးဝါးများ တိုက်ကျွေး ခြင်း၊ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်အရွယ်ကျောင်း သူများအား သံဓာတ် ဆေးပြားတိုက်ကျွေး ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများ တိုက် ကျွေးခြင်းတို့ဆောင်ရွက်ကြပြီး ပြခန်းများအား လိုက်လံ ကြည့်ရှုကြ ကြောင်း သိရသည်။

သတင်း-နိုင်လင်းကြည်၊ ဓာတ်ပုံ-လူကျော်