ARSA အကြမ်းဖက်အဖွဲ့အား ကူညီပံ့ပိုးပေးနေသည့်အကြမ်းဖက်သမားများအား မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိ နေပြည်တော် ဇူလိုင် ၂၆

 

 

ARSA အကြမ်းဖက်အဖွဲ့အား ကူညီပံ့ပိုးပေးနေသည့်အကြမ်းဖက်သမားများအား မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိ နေပြည်တော် ဇူလိုင် ၂၆

နိုင်ငံခြားသားအကြမ်းဖက်သမား လေးဦးအား ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှားနိုင်ငံရဲချုပ် Detuk Seri Abdul Hamid Bador က ပြောကြားခဲ့ကြောင်း ဇူလိုင် ၁၀ ရက်ထုတ်မလေးရှားနေ့စဉ်ထုတ် သတင်းစာ ဖြစ်သည့် The Star Onlineတွင် ဖော်ပြပါရှိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသားအကြမ်းဖက်သမားလေးဦးတွင် မြန်မာနိုင်ငံသား နှစ်ဦး ပါဝင်ပြီး ဇွန် ၂၄ ရက်က Kedah ပြည်နယ် Sungai Petani တွင် ဖမ်းဆီးရမိခဲ့သောအသက် ၄၁ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်နှင့် ဇူလိုင် ၃ ရက်က Alor Setar တွင် ဖမ်းဆီးရမိခဲ့သော Bukit Pinangရှိ ဘာသာရေးကျောင်းတွင် ဆရာအဖြစ်လုပ်ကိုင်နေသည့်အသက် ၂၅ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်တို့သည် ARSA အကြမ်းဖက်အဖွဲ့အား ကူညီပံ့ပိုးပေးနေသူများဖြစ်ကြောင်းအဆိုပါသတင်းတွင် ဖော်ပြထားသည်။ အဆိုပါ အကြမ်းဖက်သမား နှစ်ဦးသည် မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှသတင်းရရှိသည်။