ဘူးသီးတောင်မြို့နယ်ရုံး ကလေးစာဖန်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်

 ဘူးသီးတောင် မေ ၆

ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ ကလေးစာဖတ်ခန်း၌ နွေရာသီ ကျောင်းပိတ်ရက်၌ ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်လာစေရန်၊ ကလေးငယ်များ ပျော်ရွှင်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လည် (၁၂)နာရီခွဲအချိန်က မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ကလေးငယ်များအား ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကလေးငယ်များက အဖွဲ့လိုက် စကားပုံဆက် ယှဉ်ပြိုင်ခြင်းနှင့် စာရေးဆရာ မောင်တင်စိုး (သစ်ရာကောက်) ရေးသားသော ကဗျာကျောင်းနဲ့ ဒေါင်းမလေး ကလေးကဗျာများ စာအုပ်မှ ကဗျာများကို ရွတ်ဆို ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)