စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မောင်တော ဇွန် ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မီးဘေး လုံခြုံရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား စစ်ဆေးမှု ပြုလုပ်ခဲ့ ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှ၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်နှင့် စည်ပင်သာယာရေး အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် မီးဘေးလုံခြုံရေးအတွက် စက်ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား စေရေးနှင့် စက်သုံးဆီ သိုလှောင်ထားရှိမှု၊ မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ ကိုက်ညီမှု ရှိ/မရှိ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိရေးအတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်ဘုတ်များ ထားရှိစေရေးအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)