စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဘူးသီးတောင်နယ်မြေသို့ သွားရောက်စစ်ဆေး

 နေပြည်တော် ဇွန် ၆

တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့သည် ဘူးသီးတောင် နယ်မြေအတွင်းရှိ ကွပ်ကဲမှု ဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာ ငါးရွာတို့ကို သွားရောက်၍ စုံစမ်းစစ်ဆေး မှုများကို မတ် ၁၈ ရက်မှစတင်ကာ ဆောင်ရွက်ခဲ့ပြီး ဇွန် ၃ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက် များကို ရယူဆောင် ရွက်ခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်