ဂွမြို့ ၌ တရားမဝင် တောင်သရက်ခွဲသားများနှင့် ထွန်စက်တစ်စီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ဂွမြို့ ၌ တရားမဝင် တောင်သရက်ခွဲသားများနှင့် ထွန်စက်တစ်စီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ဂွ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ် ဂွမြို့ ထန်းပင်ခုံကျေးရွာအနီး ဒေသအခေါ် ဘူးခါးချောင်းနံဘေးတွင် ဖေဖော်ဝါရီ ၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က တရားမဝင်သစ်များသယ်ဆောင်ရန် စုဆောင်းထားရှိကြောင်းသတင်းအရ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တောင်သရက်ခွဲသား ၉၄ ချောင်း တန်ချိန် ၁၆ ဒသမ ၂၀၉၀ တန် ကာလတန်ဖိုး ငွေကျပ် ၁၉ သိန်းကျော်နှင့် နှစ်ဖာလုံခန့်အကွာတွင် သစ်များသယ်ယူရာ၌ အသုံးပြုသည်ဟု ယူဆရသည့် လေးဘီးထွန်စက် တစ်စီးတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Tags