ICRC အဖွဲ့၏ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဘက်ယာဉ်တန်းကို AA အဖွဲ့ က မိုင်းဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ICRC အဖွဲ့၏ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဘက်ယာဉ်တန်းကို AA အဖွဲ့ က မိုင်းဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဇွန် ၂၈

ကျောက်တော်မြို့နယ် ကျောက်ကြပ်ကျေးရွာအနီး၌ ယမန်နေ့ည ၈ နာရီက ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရုံးမှ မောင်တောမြို့ ကညင်တန်းမြို့မရပ်ကွက်ရှိ ICRC ရုံးသို့ ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဘက်ယာဉ်ခြောက်စီးကို AA အဖွဲ့က မိုင်းဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လူ၊ ပစ္စည်း ထိခိုက်ပျက်စီးမှု စိစစ်လျက်ရှိပြီး AA အဖွဲ့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။