ကလေးအားကစားကွင်း လွှဲပြောင်းလက်ခံခြင်း အခမ်းအနား တောင်ကုတ်၌ ကျင်းပ

တောင်ကုတ် ဇူလိုင် ၇

တောင်ကုတ်မြို့နယ်အတွင်းရှိ အနာဂတ်မျိုးဆက်သစ်ကလေးသူငယ်များ ဘက်စုံထူးချွန်စေရေးအတွက် စိတ်အပန်းဖြေရာ ကလေးအားကစားကွင်း INDOOR-OUTDOOR အားအလှူရှင် ကိုးရီးယား နိုင်ငံ GNI (Good Neighbour International) အဖွဲ့မှဆောက်လုပ်ပြီးစီး၍ လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကို သိမ်တောင်ရပ်ကွက် ဦးဥတ္တမ ကန်တော်မင်္ဂ
လာ ကလေးအားကစားကွင်း၌ ဇူလိုင် ၇ ရက်နံနက် ၈နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ ကလေးကစားကွင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမင်းသူ GNI (Myanmar) မှတာဝန်ခံ ဒေါ်အားကာတာ၊ ကလေး ကစားကွင်း ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ၊ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးစန်းငွေ
တို့မှ အမှာစကားပြောကြားကြပြီး GNI(Myanmar) တာဝန်ခံ ဒေါ်အားကာတာ က ကလေးကစားကွင်း ဖြစ်မြောက်ရေးကော်မတီသို့ အဆောက်အဦး၏ စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ကလေးကစားကွင်း ဖြစ်မြောက်ရေး
ပါဝင် လှူဒါန်း ပေးခဲ့သော စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)