ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့)ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရသေ့တောင် မေ ၁၀

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ရသေ့တောင်မြို့နယ်၌ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား နယ်လှည့် ကွင်းဆင်းပြီး ဆောင်ရွက် လျက်ရှိရာ ရွှေကျင် ဘုန်းတော်ကြီးကျောင်းနှင့် ဓညဝတီဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့၌ ယမန် နေ့က ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရသေ့တောင်မြို့နယ် မြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာနေလင်းထွေးနှင့် ဝန်ထမ်း များက ပြည်သူ (၆၅)ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ ပေးအပ်ခြင်း အပူဒဏ်ကြိုတင် ကာကွယ်နိုင်ရန် ဟောပြော ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်နှင့် ဝန်ထမ်း များက အပူဒဏ်အန္တရာယ် အကြောင်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် စာတတ်သူတိုင်း စာဖတ်ကြပါရန် တိုက်တွန်းပြောကြားပြီး ကလေးငယ်များနှင့် မြတ်နိုးချစ်ခင် ပတ်ဝန်းကျင် စာအုပ်အား စာဖတ်ဝိုင်းများပြု လုပ်ခဲ့ကြကြောင်းသိရသည်။

 

မြို့နယ် (ပြန်/ဆက်)