လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကျင်းပ

သံတွဲ ဇူလိုင် ၃

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသော ဆိုရိုးစကားနှင့် အညီ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ အားထားရမည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်ချက်များဖြင့် ပြည်သူ့စကားဝိုင်း ကို လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ် ဖြင့် သံတွဲမြို့၊အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(မြို့မ)၌ယနေ့ နံနက်(၁၁)နာရီအချိန် က ကျင်းပသည်။

အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိန်မင်းအောင် ကအမှာစကားပြော ကြားပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ရွှေ က ပြည် သူ့စကားဝိုင်းများ ကျင်းပရသည့်ရည်ရွယ်ချက်များကိုရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင် က မူးယစ်ဆေးဝါးသမိုင်း ကြောင်းနှင့်ဆိုးကျိုးများ၊တားမြစ်ဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နိုင်ငံတော်မှ နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုများကိုရှင်းလင်းပြီးနောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင် က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုး များ၊မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနှင့်လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်လာမည့်ဆိုးကျိုးများကို သိရှိနားလည်ပြီး ကျောင်းသား/သူလူငယ်များ အထူးသတိထားရှောင်ရှားကြ ရန်ဆွေးနွေးပြီးနောက် ကျောင်းသား/သူများ၏ပြန်လည်မေးမြန်းချက်များ ကို ရဲမှူး ဌေးအောင်နှင့်ဒေါက်တာ သဇင်ခိုင်တို့မှ ပြန်လည်ဆွေးခဲ့ကြောင်းသိရသည်။

နေမျိုးအောင်(ပြန်/ဆက်)