မြောက်ဦးခရိုင် Community Centre ၌အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဓါတ်ပုံပြပွဲကျင်းပ

မြောက်ဦး မေ ၃၁

မြောက်ဦးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်များအတွက် အသိပညာပေးနံ ရံကပ်ဓါတ်ပုံပြပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါဓါတ်ပုံပြခန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်များ အသိပညာပေး နံရံကပ်ဓါတ်ပုံများ၊ ကမ္ဘာ့ပြသနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး အသိပညာပေးနံရံကပ်ဓါတ်ပုံများ၊ မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် စသော အသိပညာပေး နံရံကပ်ပြဓါတ်ပုံဆိုင်းဘုတ်များကို ဝေဝေဆာ ဆာပြသထားပြီး ဦးစံအေး မောင်(လုပ်သား ရုပ်/သံ) က ကျောင်းသား၊ ကျောင်းသူများ ကို မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ် တတ်သည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုး များနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ဓါတ်ပုံနှင့်တကွ ရှင်းလင်းပြောပြကာ စိတ်ဝင် တစား လာရောက်ကြည့်ရှုလေ့လာကြသော လူငယ်လေးများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)