မြောက်ဦးမြို့နယ် လောင်းရှည်ချောင်းကျေးရွာ၌ ခမီတိုင်းရင်းသားရိုးရာ ကောက်ဦးချပွဲတော် ကျင်းပ

မြောက်ဦးမြို့နယ် လောင်းရှည်ချောင်းကျေးရွာ၌ ခမီတိုင်းရင်းသားရိုးရာ ကောက်ဦးချပွဲတော် ကျင်းပ

မြောက်ဦး မေ ၃၁

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်ရှိ ခမီတိုင်းရင်းသားများနေထိုင် သော လောင်းရှည်ချောင်းကျေးရွာတွင် ရိုးရာဓလေ့ဖြစ် သည့် ကောက်ဦးချပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။

အဆိုပါကောက်ဦးချပွဲတော်ကို ခမီစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးလေကျော်အောင်မှ ဦးဆောင်ကြီးမှူး၍ ရိုးရာအစဉ်အလာကို နားလည်သည့် ရပ်ရွာလူကြီးဖြစ်သူ ဦးရွှေသာအောင်မှ လယ်ပိုင်ရှင် ဦးဖြူထွန်း၏လယ်ယာ မြေ ၂၀ ဧကထဲတွင် မျိုးစပါးများကိုကြဲပြီး သီးနှံများအထွက်တိုးအောင် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတော်သို့ လောင်းရှည်ချောင်းကျေးရွာနေ ခမီတိုင်းရင်းသား ၅၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်