မြောက်ဦးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက် သင်တန်းဖွင့်လှစ်

 မြောက်ဦး မေ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈/ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်နေပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိ စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အပ်ချုပ်စက်သင်တန်းကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါရုံး ရှိအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အဆိုပါသင်တန်းသို့ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်မောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ၊ မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ အနီးနားကျေးရွာ ၁၀ ရွာမှ သင်တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်