မောင်တောမြို့၌ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်

မောင်တော ဧပြီ ၃
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ ပေးအပ်သော လူမှုရေးပင်စင်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အရောက်ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဘိုးအဘွားများထံ လက်ဝယ် အရောက် ပေးအပ်ခဲ့သည်။
မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ် နှင့် အထက် လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသော သက်ကြီးအဘိုးအဘွား ၉၇ ဦးအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)