မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်

မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်

မောင်တော ဧပြီ ၅

ရခိုင်ပြည်နယ် မောင်တောခရိုင် ခမောင်းဆိပ်မြို့ မင်္ဂလာညွန့်ကျေးရွာ၌ ဧပြီ ၄ ရက် ည ၁၁ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ကာ နေအိမ် တစ်လုံး ဆုံးရှုံးခဲ့ကြောင်း ခမောင်းဆိပ်မြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဖြစ်စဉ်မှာ ခမောင်းဆိပ်မြို့ မင်္ဂလာညွန့်ကျေးရွာနေ ဦးသင်္ခါအောင် (၆၃ နှစ်) ခရီးသွားနေသဖြင့် နေအိမ်၌ မည်သူမျှမရှိဘဲ ဆိုလာဘက်ထရီအိုးဖြင့် မီးထွန်းထားခဲ့ရာ အပူလွန်ကဲ၍ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်သဖြင့် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့သည်။ မီးလောင်မှုအား မင်္ဂလာညွန့်ကျေးရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသင်္ခါအောင် အား အမှတ်(၂) အောင်ဇံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tags