မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၀၀၀ ကျော် သိမ်းဆည်းရမိ

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၀၀၀ ကျော် သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

မောင်တောမြို့နယ်၌ ဖေဖော်ဝါရီ ၂၃ ရက်က လူသုံးဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီခန့်တွင် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ ဆာလာအိတ်သုံးအိတ်နှင့် အတူဖြတ်ကူးနေသော မောင်တောမြို့နယ် ရေတွင်းပြင်ကျေးရွာနေ မိုဟာမက်အာလီ (၃၃ နှစ်) အပါအဝင် သုံးဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ကို စစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၂၅၀ တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၉၃၀၅၀၀၀၀၀ အား သိမ်းဆည်းရမိခဲ့သဖြင့် ကြိမ်ချောင်း နယ်မြေရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

Tags