မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့ လှေတစ်စင်းနှင့်အတူ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွားများတွေ့ရှိ

 

မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့ လှေတစ်စင်းနှင့်အတူ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွားများတွေ့ရှိ
 

နေပြည်တော် စက်တင်ဘာ ၄

 

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနောက်ဘက် ပင်လယ်ကမ်းစပ်တွင် ယနေ့နံနက် ၈ နာရီက ပိုင်ရှင်မဲ့လှေတစ်စင်း တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျားပေ ၆၀၊ အနံ ၁၈ ပေ၊ အမြင့်ပေ ၂၀၊ ရေစူး ၁၂ ပေခန့်ရှိ မြင်းကောင်ရေ ၁၈၀ အင်ဂျင်တပ်ဆင်ထားသော ဝါးလက်လှေတစ်စင်းအား ပိုင်ရှင်မဲ့တွေ့ရှိရကြောင်း၊ အဆိုပါလှေမှာ ဝဲဘက်နှင့် ယာဘက် ပျဉ်ကာများကွဲအက်၍ ခါးကျိုးကာ ရေများစိမ့်ဝင်နေကြောင်းနှင့် လှေပေါ်၌ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွား အကောင် ၅၀ ခန့်အား တွေ့ရှိရ၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။