မောင်တောမြို့နယ်၌ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၅၂၅၂၅၀ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၆

မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အား ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခန့်တွင် သတင်းအရ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းမှ ဆာလာအိတ် ၃ အိတ်ဖြင့် ထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၅၈၅၀၀၀ အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁၂နာရီခွဲ ခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ မောင်တော-ဘူးသီးတောင်သွားကားလမ်း၊ (၆)မိုင်စစ်ဆေးရေးရဲကင်း စခန်း တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ဘူးသီးတောင်မြို့မှ မောင်တောမြို့ဘက်သို့ ညီမျိုးသန့် (ဖ)ဦးအောင်ကျော်မောင်းနှင်ပြီး ယာဉ်နောက်လိုက် အာဇီဇူလောင် (ဖ) အဘူတာဟတ်တို့ ၂ ဦးတို့ လိုက်ပါလာသည့် YGN 2J/------- Nissan UD ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ မားမားခေါက်ဆွဲဖာများအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၄၀၂၅ဝခန့်အား ဖမ်းဆီးရမိခဲ့သဖြင့် ပြင်ဖြူနယ်မြေရဲစခန်း၌ အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း မှာ ၂၅၂၅၂၅၀ ဖြစ်ကြောင်း သိရသည်။
(ရဲပြန်ကြား)