မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၂)အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ရဲမှူးမျိုးမြင့် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Chakdhala  ကင်းစခန်းမှ Subedar Md. Jakir Hossain  ဦးစီးသည့် တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲ မှ ၁၁ နာရီ မိနစ်၅၀ အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၄) မှ (၄၅) အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီခွဲမှ ၁၁ နာရီ မိနစ် ၅၀ အထိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နယ်မြေ (၃) အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတောင်ပြို (ယာ) နယ်မြေရဲစခန်းမှ ဒုတိယရဲမှူး အောင်မျိုးဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ်Tuingajhiri  ကင်းစခန်းမှ Naib Subedar Md.Shariful Islam ဦးစီးသောအဖွဲ့ဝင်များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၈)မှ (၃၉)အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။