မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် ဧပြီ ၅

မောင်တောမြို့နယ်၊ နယ်မြေ (၃)၊ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၂) ပါ ၂ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၂) နယ်ခြားစောင့်တပ် Whykong Bop ကင်းစခန်းမှူး Naib Subedar Md. Enayet ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ် ၂ စီး၊ စုစုပေါင်း (၄) စီးတို့ဖြင့် ရေတွင်းပြင် ချောင်းဝအနီး နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင် (၁၅) မှ နတ်မြစ်ကြောင်းအတိုင်း သဲချောင်း ချောင်းဝထိပ်ရေမိုင် (၁၈) သို့ ရောက်ရှိကာ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့် ဆောင်ရွက်ကြသည်။

ယင်းနောက် ရေယာဉ်အမှတ် (၀၀၂) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)