မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက် နေပြည်တော် ဇူလိုင် ၂၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက် နေပြည်တော် ဇူလိုင် ၂၆

မောင်တောမြို့နယ် နယ်မြေ(၆) အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်အောင် ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ်(၀၀၁)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Teknaf BOP ကင်းစခန်းမှ Naib Subedar Humyon Kabir ဦးဆောင်သည့် စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် ဇူလိုင်၂၅ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ နယ်နိမိတ် နတ်မြစ်အလယ် ကညင်ချောင်း ချောင်းဝထိပ်ရေမိုင်အမှတ်(၅)အနီးမှ မင်္ဂလာကြီးချောင်းဝ ရေမိုင်အမှတ်(၈)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ် အမှတ်(၀၀၁)ပေါ်၌နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။