မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်းလှည့်ကင်းဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်းလှည့်ကင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၀

မောင်တောမြို့နယ် နယ်မြေ(၆) ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၅)ပါနှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် Taknaf ကင်းစခန်းမှ Subedar Md. Yousuf Ali ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ရေမိုင်အမှတ်(၅)အနီး ကညင်ချောင်း ချောင်း၀ထိပ်မှ လှည့်ကင်းဆောင်ရွက်ခဲ့ရာ ရေမိုင်အမှတ်(၆)အနီး ပြင်ဖြူချောင်း၀ထိပ်သို့ ရောက်ရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

Tags