မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ

နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၁

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၇) ရှေ့တန်း အမှတ်(၁၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မကျီးချောင်း ချောင်းဝရဲကင်းစခန်းမှ ဒုရဲမှူး နိုင်အောင်သူ ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ် အမှတ် (၀၀၂)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Shahparirdip BOP ကင်းစခန်းမှ  Subedar MD, Nure Alam ဦးဆောင်သည့် စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် ဇူလိုင်၃၁ ရက် နံနက်ပိုင်းက နှစ်နိုင်ငံနယ်နိမိတ် နတ်မြစ်အလယ် မကျီးချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၂)မှ ကညင်ချောင်း ချောင်းဝထိပ် ရေမိုင်အမှတ် (၅)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၂) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရသည်။