နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်

 

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာကို ကြိုဆိုပါသည်။

ကော်မရှင်ဥက္ကဌ ဒေါက်တာကိုဖီအာနန်နှင့်တစ်ကွ ကော်မရှင်အဖွဲ့ဝင်များ အားလုံး၏ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အမြော်အမြင်ရှိမှုနှင့် အပြုသဘောဆောင်သော ကြိုးပမ်းဆောင်ရွက်မှုတို့အတွက် နိုင်ငံတော်အစိုးရမှ ကျေးဇူးအထူးပင်တင်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယခုအစီရင်ခံစာပါ အကြံပြုတင်ပြချက်များအပေါ် သဘောထား အမြင်တူညီကြောင်းနှင့် ယင်းတင်ပြချက်များသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာ ရရှိစေမည်ဟု ယုံကြည်ပါသည်။

 ကော်မရှင်၏ အကြံပြုတင်ပြချက်အများအပြားကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အချို့ကိစ္စရပ်များမှာမူ ဒေသန္တရအခြေအနေနှင့် လိုက်လျောညီထွေ ဆက်စပ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း လျင်လျင်မြန်မြန် တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ထားပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသည့် အခြေအနေ များအတွက် လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များကို ရှာဖွေရာ တွင် ကူညီပံ့ပိုးမှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။