ရေရှားပါးသော ဂန္ဓာရီပရဟိတ ကျောင်းသို့ သောက်သုံးရေများ လှူဒါန်း

ဘူးသီးတောင် ဇွန် ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ ခွဲအချိန်က ရေရှားပါးသော ဂန္ဓာရီပရဟိတကျောင်းသို့ သောက်သုံးရေများ လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးစိန်ရွှေသန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့သည် မီးသတ်ရေယာဉ် တစ်စီးဖြင့် နွေရာသီ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။

ဂန္ဓာရီပရဟိတကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၂၀၈) ဦးရှိရာ ရေရှားပါးလျက်ရှိနေချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလံ(၃၄၀၀) လှူဒါန်း လာသဖြင့် ပရဟိတဂေဟာမှူးနှင့် ကျောင်းသား၊ သူများက ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။ ယခုရေလှူဒါန်းခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပထမအကြိမ်မြောက် လှူဒါန်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)