ရခိုင်ပြည်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ များအား ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်

ကျောက်ဖြူ ဇူလိုင် ၇

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်ကာ ယမန်နေ့၊ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ နံနက်ပိုင်းတွင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် အမြို့မြို့အနယ်နယ် အရပ်ရပ်မှ တာဝန်ထမ်းဆောင်နေ ကြသော ကျန်းမာရေးဝန်ထမ်းများ၏ အခက်အခဲလိုအပ်ချက်များ တင်ပြမှု ကို နားထောင်ကာ ဝန်ထမ်းများနေထိုင်မှုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသည့် ပြင်ချေ-ကုလာဘာ ကျေးရွာချင်းဆက် လမ်းပေါ်တွင်ရှိသော RC (18 m x 73 m) ကွန်ကရစ်တံတား တည်နေမှုအား လည်းကောင်း၊ ဆောက်လုပ်ရေးဌာနမှ တာဝန်ယူ ဆောင်ရွက်နေ သည့် ကျောက်ဖြူ-မအီ-တောင်ကုတ်လမ်းပိုင်း (၁၇၅)ကီလိုမီတာအနီး ကျောက်စီရေထိန်းနံရံ တည်ဆောက်နေမှုအားလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန၊ ရန်ပုံ ငွေဖြင့်တည်ဆောက် လျက်ရှိသော ကျောက်ပြောက်အုပ်စု၊ ဝါးနက်ချွိန်ကျေးရွာ၊ အလက(ခွဲ) (၉၀ ပေ၊၃၀ ပေ၊ ၁၂ ပေ)RC (၁)ထပ် ကျောင်းဆောင်အားလည်းကောင်း၊ အလက(ခွဲ) ဝမြှောင် စသင်ကျောင်းဆောင် (၆၀ ပေ၊ ၃၀ပေ)တည်ဆောက် နေမှုအားကြည့်ရှုကာ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက် ရန်၊ သတ်မှတ်ရက်အမှီ လုပ်ငန်းများ အပြီးသတ်အပ်နိုင်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် စနဲမြို့တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေး ခဲ့ပြီး၊ စနဲဆေးရုံရှိ ဆေးရုံအုပ်နှင့် ဝန်ထမ်းအိမ်ရာ (၆၆ ပေ၊ ၂၄ ပေ) လုံးချင်း(၁)ထက်နှင့် (၈၄ ပေ၊ ၂၃ ပေ) တည်ဆောက်နေမှုအား လည်းကောင်း၊ ထိန်ဘွေကျေးရွာရှိ တံတားအား ပြန်လည်ပြင်ဆင်ပြုနိုင်ရေးဝင်ရောက် ကြည့်ရှုခဲ့ကြပြီး ညနေပိုင်းတွင် ရမ်းဗြဲမြို့နယ်သို့ ထွက်ခွာသွားကြကြောင်း သိရှိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)