ရခိုင်ပြည်နယ် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့

ရခိုင်ပြည်နယ် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့

စစ်တွေ ဖေဖော်ဝါရီ ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၁ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ ပုဏ္ဏာကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာရှိ ပင်မဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးကြသည်။

အဆိုပါတိုက်ပွဲရှောင်ပြည်သူများမှာ ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားမှု ကြောင့် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ ပုဏ္ဏာကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာရှိ ပင်မဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲရှောင်ပြည်သူများမှာ အိမ်ထောင်စု ၆၈ စု လူဦးရေ ၂၃၉ ဦးဖြစ်ပြီး ယင်းပြည်သူများအတွက် ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းငါးမျိုး၊ အဝတ်အထည်များ၊ စောင်၊ ဖျာ စုစုပေါင်းတန်ဖိုး ငွေကျပ် တစ်ဆယ့် နှစ်သိန်းကျော်ကျပ်၊ လူဦးရေ ၂၃၉ ဦးအတွက် ဆန်ရိက္ခာ တစ်လစာ ငွေကျပ် နှစ်ဆယ့် တစ်သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Tags