ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်း

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၄

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ နှင့် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ဗဟို)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ငွေကျပ် သိန်း ၃၇၅၀၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း ၁၀၀၀၀၊ ဆပ်ပြာတုံး ၅၀၀၊ သွားတိုက်ဆေးဘူး ၅၀၀၊ သွားတိုက်တံ ၅၀၀၊ ကော်ဖီမစ် ၁၀ ထုပ်ပါ အထုပ် ၅၀၀၊ ကြွေမတ်ခွက် အလုံး ၅၀၀၊ လက်ဆွဲအိတ် ၅၀၀၊ မှတ်စုစာအုပ် ၅၀၀၊ စာစောင် ၅၀၀ နှင့် ယမန်နေ့က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များက အလှူငွေကျပ် ၂၉၃၄၀၀၀ နှင့် ငွေကျပ်သိန်း ၄၉၃၁၁၅၀၀ တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများကို လှူဒါန်းရာ ပြည်သူများကိုယ်စား We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့၊ ဦးပြည့်မောင် - ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ် မိသားစုက အလှူငွေကျပ်သိန်း ၅၀၊ နှာခေါင်းစည်း ၃၀၀၊ ရောဂါကာကွယ်ရေးဝတ်စုံ ၄၄ စုံ၊ ငွေကျပ် ၁၃၅ သိန်းတန်ဖိုးရှိ အသက်ရှူစက်တစ်လုံး စုစုပေါင်း ငွေကျပ် ၁၉၁၇၅၀၀၀ တို့ကို လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။