ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရ သော ဆရာတော်ကြီးများကို ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ

စစ်တွေ မတ် ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ခြင်းခံရသော ဆရာတော်ကြီး ၁၃ ပါးကို ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဠပူဇာမဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေ့ဦးစွာ ရက္ခမဏ္ဍိုင်မင်္ဂလာစည်တော်ဝိုင်းမှ သရဏဂုံသုံးပါးဖြင့် ပူဇော်ချီးမြှင့်ပြီး ကြွရောက်တော မူကြကုန်သော ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှုပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ် သာသနာ ရေးမှူး ဦးမျိုးဝင်းအောင်က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ပြည်နယ်ဩဝါဒစရိယ၊ စစ်တွေမြို့ ဒက္ခိဏာရာမ ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဠဂုရုဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒစရိယ၊ စစ်တွေမြို့ (ပုသိမ်) ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတဆရာတော် ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သာသနာ ရေး ဆိုင်ရာများကို လျှောက်ထားသည်။

ဆက်လက်၍ ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်သာဇံက သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားပူဇော်ပြီး ရခိုင်တေးသံရှင် မောင်ကိုကိုနှင့်အဖွဲ့မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး များအား ဂုဏ်ပြုရတုဖြင့် သီဆိုပူဇော်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီး၊ အခြားတာဝန်ရှိသူတို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ် လှူဒါန်းကြပြီး အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကြကြောင်းသိရသည်။